ဖေဖော်ဝါရီ ၅၊ ၂၀၁၆
M-Media
– ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေသည့် နိုင်ငံ ၈ နိုင်ငံအား နိုင်ငံသားများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွားလာခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
အဆိုပါ ၈ နိုင်ငံမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ် ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်တို့ဖြစ်ကြပြီး ထိုင်းနိုင်ငံအပါအ၀င် ရောဂါပိုးတွေ့ရှိရကြောင်း သတင်းများထွက်ပေါ်နေသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ သွားရောက်ရာတွင်လည်း သတိထားကြရန် အကြံပြုထားသည်။
ကူးစက်သူများတွင် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်ပွားစေသည့် ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပြန့်နှံ့ပြီး မိခင်မှ သန္ဓေသားကိုလည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်သည်ဟု သိရသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.