ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– လက်စတာအသင်း၏ ပရီးမီးယားလိဂ်ထိပ်ဆုံး၌ ရပ်တည်မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ချီးကျူးမှုနှင့် ထိုက်တန်သည့် ကစားသမားဖြစ်သည်ဟု မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။
ဗာဒီမှာ ယခုအချိန်အထိ ပရီးမီးယားလိဂ်တွင် ၁၈ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးသွင်းယူသူ စာရင်းတွင် ဦးဆောင်နေသည်။ အဂူရိုကမူ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ခြေစွမ်းကောင်းများ မပြသနိုင်ခဲ့သော်လည်း ပြို င်ပွဲအားလုံး နောက်ဆုံး ၅ ပွဲတွင် ၆ ဂိုး သွင်းယူထားနိုင်သည်။
လက်စတာနှင့် မန်စီးတီးတို့မှာ ယနေ့ညတွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“တိုက်စစ်မှူးတစ်ယောက်ဟာ ဂိုးအများအပြားသွင်းယူပြီး တော်တော်လေး တည်ငြိမ်နေတဲ့အခါ အဲဒီအတွက် ချီးကျူးပြောဆို ခံရမှာပါပဲ။ သူဟာ အမြဲတမ်း ဂိုးသွင်းဖို့ချောင်းနေပြီး၊ ဂိုးသွင်းဖို့ အာရုံခံနိုင်မှု၊ ဂိုးရှေ့မှာ စေ့စပ်သေချာမှုတွေလည်း ရှိပါတယ်။ သူဟာ ဒီနှစ်မှာ လက်ဖျားခါလောက်အောင် ကောင်းနေပြီး သူရရှိနေတဲ့ ချီးကျူးမှုနဲ့လည်း ထိုက်တန်ပါတယ်” ဟု အဂူရိုက ချီးကျူးပြောဆိုခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.