ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– ယနေ့မနက်ပိုင်းက ထိုင်ဝမ်နိုင်ငံတောင်ပိုင်း တိုင်နန်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်တစ်ခုကြောင့် ၁၇ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ကာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ငလျင်မှာ ပြင်းအား ၆.၄ မဂ္ဂနီကျုရှိပြီး၊ ပြိုကျသွားသည့် အဆောက်ဦးတွင် လူပေါင်း ၂၂၁ ဦး နေထိုင်သည်ဟု တိုင်နန် မြို့တော်ဝန်က ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၃၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အဆောက်အဦးထဲတွင် အများအပြား ပိတ်နေကြသည်။
လက်ရှိအချိန်အထိ လူပေါင်း ၁၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ထိုင်ဝမ်မီးသတ်ဌာနက ကြေငြာခဲ့သည်။ အဆိုပါ ငလျင်ပြီးနောက် ပြင်းအား ၃.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခုပါအ၀င် နောက်ဆက်တွဲငလျင်များစွာလည်း လှုပ်ခတ်ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.