ဖေဖော်ဝါရီ ၇၊ ၂၀၁၆
M-Media
– ခြင်မှတစ်ဆင့်ကူးစက်ပြီး အမေရိကတစ်ဝှမ်းတွင် အလျင်အမြန် ပြန့်နှံ့နေသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူ ကိုယ်ဝန်ဆောင်အရေအတွက်မှာ ၃၁၀၀ ကျော် ရှိလာခဲ့ပြီဟု ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားလိုက်သည်။
ကုသရန်ဆေးမရှိသေးသည့် အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုးမှာ မိခင်မှ သန္ဓေသားသို့ကူးစက်ကာ ဦးနှောက်ထိခိုက်၍ မှတ်ဉာဏ်ချို့ယွင်းနိုင်သည်။ သို့သော်လည်း ကိုလံဘီယာတွင်မူ သန္ဓေသားအားကူးစက်သည့် ဖြစ်ရပ်မျိုး မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်မှာ ကိုလံဘီယာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၅၆၄၅ ဦးရှိနေပြီး ထိုအထဲမှ ၃၁ ၇၇ ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်သည်။
ဇီကာဗိုင်းရပ်စ်ပိုးမှာ ခြင်မှတစ်ဆင့်လည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်သည်ဟု နောက်ဆုံးသိရှိရသည်။ ထို့ကြောင့် နိုင်ငံတစ်ချို့တွင် သွေးသွင်းမှုကို ကန့်သတ်မှုများ ပြုလုပ်နေသည်။
Ref : Aljazeera


Leave a Reply
You must be logged in to post a comment.