ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
M-Media
– အာဂျင်တီးနား ပြည်တွင်းဘောလုံးပွဲတစ်ခုတွင် ဒိုင်လူကြီးတစ်ဦးမှာ ကစားသမားအား အနီကဒ်ပြခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။
အဆိုပါအဖြစ်အပျက်မှာ ကော်ဒိုဘာဆိုသည့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဆီဇာ ဖလောရက်စ်ဆိုသူဖြစ်ပြီး လူငယ်ကစားသမားတစ်ဦးက ပြိုင်ဘက်ကစားသမားအား ထိုးကြိတ်မှုကြောင့် ၎င်းက အနီကဒ်ပြခဲ့ခြင်းဖြစ်သည်။
ထုတ်ပယ်ခံရသည့် ကစားသမားမှာ သိပ်မကြာခင် ကွင်းအတွင်းသို့ ပြန်ဝင်လာပြီး ဖလောရက်စ်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွင်း အခြားကစားတစ်ဦးမှာလည်း သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိပေ။
ဒိုင်လူကြီး ဖလောရက်စ်မှာ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံခဲ့ရပြီး ဦးခေါင်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကျူးလွန်သူ ကစားသမားများမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.