News @ M-Media

ယူကရိန်းတွင် နာဇီပုံစံ ချီတက်မှုပြုလုပ်

ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
M-Media

ukraine

– ယူကရိန်းရဲတပ်ဖွဲ့လက်အောက်ခံ Azov အဖွဲ့ရဲ့ လက်မရွံ့တပ်သားတွေဟာ ကျဆုံးသွားတဲ့ စစ်သားသုံးယောက်ရဲ့ သေဆုံးမှု နှစ်ပတ်လည်အမှတ်တရအဖြစ် အိုဒက်ဆာမြို့တောင်ပိုင်းမှာ နာဇီပုံစံ မီးတုတ်ကိုင်ဆောင်ကာ ချီတက်လမ်းလျှောက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ အဲဒီ ချီတက်လမ်းလျှောက်မှုကို Azov တိုက်ခိုက်ရေးသမားတွေနဲ့ အသတ်ခံရတဲ့ စစ်သားသုံးယောက်ရဲ့ ဆွေမျိုးတွေ အပါအ၀င် လူ ၂၀၀ ကျော်လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ စစ်သားသုံးယောက်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရှီရိုကီနိုရွာကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ သူပုန်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားရင်း သေဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုချီတက်မှုအတွင်း သေဆုံးသူသုံးယောက်ရဲ့ ဓာတ်ပုံတွေ၊ မီးတုတ်တွေ၊ Azov အလံတွေကို ကိုင်ဆောင်ခဲ့ကြသလို “ကြီးကျယ်မြင့်မြတ်သောဘိုးဘေးများရဲ့ လေးစားထိုက်သောမျိုးဆက်များ” လို့ ရေးသားထားတဲ့ စာတမ်းကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

လူအုပ်စုကြီးဟာ ကြွေးကျော်သံများကိုလည်း ကြွေးကျော်ခဲ့ကြပြီး “မိုစကယ်(ရုရှား)များကို သတ်” “တစ်ခုတည်းသောဘာသာစကား၊ တစ်ခုတည်းသောအမျိုးသား၊ တစ်ခုတည်းသောနိုင်ငံတော်” “ရဲသူမသေ၊ ရန်သူသေ” စတဲ့ အမျိုးသားရေးကြွေးကြော်သံများကိုလည်း အော်ဟစ်သွားကြပါတယ်။

Azov တပ်ဖွဲ့ဆိုတာ ယူကရိန်းအစိုးရက နောက်ပိုင်း အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားအစောင့်တပ်ဖြစ်ပြီး ကြီးကျယ်တဲ့ လက်နက်ကိုင်စစ်တပ် တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီထဲက အရာရှိတွေနဲ့ စစ်သားတွေဟာ နာဇီလက်သစ်နဲ့ အဖြူရောင်လူမျိုးကြီးဝါဒကို ထောက်ခံကြသူများ ဖြစ်ကြပါတယ်။

Ref: RT

Comments

Leave a Reply