News @ M-Media

ထရမ့် သမ္မတမဖြစ်နိုင်ဟု အိုဘားမားပြော

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
M-Media

obam 3

– ရီပတ်ဘလီကန်သမ္မတလောင်း နာမည်စာရင်းမှာ ထိပ်ဆုံးကပြေးနေတဲ့ ဒေါ်နယ်ထရမ့်အနေနဲ့ သမ္မတဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဘာရက် အိုဘားမားက ပြောလိုက်ပါတယ်။

“ထရမ့်တစ်ယောက် လုံးဝသမ္မတမဖြစ်နိုင်ဘူးလို့ ကျွန်တော် ဆက်ပြီး ယုံကြည်နေဆဲပါ။ ဒီလိုပြောဆိုရတဲ့ အကြောင်းကတော့ ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်သူတွေအပေါ် ယုံကြည်မှုအပြည့် ရှိနေလို့ပါပဲ” လို့ အိုဘာမားက ကယ်လီဖိုးနီးယားပြည်နယ် ရန်ချိုမီရေ့ခ်ျမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုလိုက်တာပါ။

အမေရိကန်ပြည်သူတွေဟာ သမ္မတရွေးကောက်တင်မြှောက်ခြင်းကို အလွန်အရေးကြီးတဲ့ အလုပ်တစ်ခုအဖြစ် ခံယူထားသူများဖြစ်တယ်လို့လည်း အိုဘားမားက ဆိုပါတယ်။

“ဒါဟာ င့ါစကားနွားရပြောရတဲ့ပွဲမျိုး၊ ဖျော်ဖြေရေးပွဲမျိုး အရောင်းမြှင့်တင်ရေးပွဲမျိုးလည်း မဟုတ်ပါဘူး၊ မားကက်တင်းဆင်းနေတာလည်း မဟုတ်ပါဘူး။ ဒါဟာ အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး လူတွေအများကြီးက ကျွန်တော်တို့လုပ်ရပ်တွေ ဘယ်လောက်မှန်ကန်သလဲဆိုတာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်”

ဘီလီလျံနာသူဌေးကြီးထရမ့်ဟာ သူ့ရဲ့ ဟောပြောမှုတွေမှာ နိုင်ငံအတွင်းက မက္ကဆီကန်တွေ၊ လူမည်းတွေ၊ ပြောင်းရွှေ့အခြေချသူတွေ၊ မွတ်စလင်တွေ၊ မသန်စွမ်းသူတွေအပေါ်မှာ လူမျိုးရေးအရ ခွဲခြားစော်ကားမှုတွေ ပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိ ရီပက်ဘလစ်ကန်ပါတီအတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေမှာတော့ ပြိုင်ဘက်တွေကို အသာာရနေပါတယ်။

တောင်ကယ်ရိုလိုင်းနားမဲဆွယ်ပွဲမှာ ထရမ့်က အိုဘားမားအနေနဲ့ အသုံးမကျတဲ့အလုပ်တွေလုပ်နေတယ်လို့ ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။

Ref: ABC News

Comments

Leave a Reply