News @ M-Media

ရီးယဲလ်၏ ချန်ပီယံလိဂ်အနိုင်အား ဇီဒိန်းကျေနပ်

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
M-Media

Zidane

– ရီးယဲလ်အား တာဝန်ယူပြီးကတည်းက ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နေနိုင်သည့် နည်းပြဇီဒိန်းက အသင်းအား ချီးကျူးလိုက်ပြီး မိမိတို့မှာ အတူတကွ ဖလားဆွတ်နိုင်မည်ဟု ပြောကြားလိုက်သည်။

ယနေ့မနက်က ရိုးမားကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်မှာ ရော်နယ်ဒိုနှင့် ဂျီစီတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေကောင်းခဲ့သည်။ ဇီဒိန်းကမူ အသင်း၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

“ချန်ပီယံလိဂ်မှာ ကိုယ်က ဂိုးသွင်းပြီး ဂိုးမပေးရဖို့ အရေးကြီးပါတယ်။ ဒါမျိုးကို ကျွန်တော်တို့ လုပ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့က အသင်းအဖွဲ့တစ်ခု ဖြစ်တယ်။ သိပ်မကစားရတဲ့ ကစားသမားတွေကလည်း အသင်းအတွက် အရေးပါပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတူတကွ အောင်နိုင်ရမှာမို့လို့ပါ။ အသင်းကောင်းတစ်သင်းနဲ့ တွေ့ဆုံရတာကြောင့် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းက ကျွန်တော်တို့အတွက် ခက်ခဲခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်” ဟု ဇီဒိန်းက UEFA.com သို့ ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply