ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
M-Media
– မလေးရှား ဟာလာလ်လုပ်ငန်း ဖွံ့ဖြိုးရေး ကော်ပိုရေးရှင် (HDC) အမှုဆောင်ချုပ် ဂျမီးလ် ဘီဒင်က မလေးရှားရဲ့ ဟလာလ်လုပ်ငန်းဟာ ဒီနှစ်မှာ ၂၀၁၅ ခုနှစ် စုစုပေါင်း တင်ပို့မှုထက် ကျော်လွန်ကာ ရင်းဂစ် ၄၂ ဘီလီယံ (ကန်ဒေါ်လာ ၁၀.၁ ဘီလီယံ) တန်ဖိုးလောက် ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
၂၀၁၄ ခုနှစ်အတွင်းက မလေးရှားရဲ့ ဟာလာလ်လုပ်ငန်း စုစုပေါင်းတင်ပို့မှုဟာ ရင်းဂစ် ၃၈ ဘီလီယံ ရှိခဲ့ပါတယ်။ ဘီဒင်က ကိုးရီးယားနဲ့ ဂျပန်တို့က ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို မလေးရှားမှာ အခြေချပြီး မလေးရှားကို ဟာလာလ်ဈေးကွက်ရဲ့ ထွက်ပေါက်အဖြစ် အသုံးချနိုင်ရေး စိတ်ဝင်စားလာဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။
အင်္ဂါနေ့က မလေးရှားမှာပြုလုပ်ခဲ့တဲ့ ဟာလာလ်အလှကုန်နဲ့ တစ်ကိုရေသန့်ရှင်းရေးပစ္စည်း ဖိုရမ်မှာ မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး လီရှီလွန်က ၂၀၁၅ ခုနှစ်မှာ ဟလာလ်အလှကုန်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတင်ပို့မှုတစ်ခုတည်းမှာတင် စုစုပေါင်း ရင်းဂစ် ၂.၄ ဘီလီယံထိ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.