ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
M-Media
မိုးစက်
ရန်ကုန်။ ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဘေးသင့် လူမှုအသိုက်အဝန်းများ၊ နေရပ်ရွေ့ပြောင်း ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ငါးသန်းကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်ရန်အတွက် ထားရှိထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ရခိုင်ပြည်နယ်အတွင်း အစီအစဉ်တစ်ခုကို စတင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများသည် ၎င်းတို့ကိုယ်တိုင် မိမိတို့လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများကို ဦးစားပေးလုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။
အဆိုပါ အကူညီမှာ အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်အတွက် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူမှု့အသိုက်အဝန်းများနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်စေရေးအတွက်လည်း အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျှက် ရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံသားများအတွက် အလားလာကောင်းများစွာကို အကောင်ထည်ဖော်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
ကိုးကား- U.S. Embassy Rangoon


Leave a Reply
You must be logged in to post a comment.