ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
M-Media
– မြောက်ကိုးရီးယားရဲ့ နျုကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ တောင်းဆိုထားတဲ့ မူကြမ်းတစ်ခုကို အမေရိကန်နဲ့ တရုတ်တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းလိုက်ပါတယ်။
အဲဒီမူကြမ်းဟာ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ပထမဆုံးတင်သွင်းတဲ့ မူကြမ်းဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး စမန်သာပါဝါက မြောက်ကိုရီးယားကို ၀င်ထွက်သွားလာတဲ့ ကုန်သင်္ဘောဘောတွေကို မဖြစ်မနေစစ်ဆေးမှုလုပ်ဖို့ မူကြမ်းမှာ ဖော်ပြထားတယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒါဟာ အဓိက ထပ်မံဆောင်ရွက်ချက်ဖြစ်ပြီး၊ နယ်ပယ်ပိုများများမှာ ပိုပြီးတင်းတင်းကြပ်ကြပ်နဲ့ ဟာကွက်မရှိ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ လုပ်နေကြပုံစံထဲကနေထွက်ပြီး နည်းလမ်းသစ်ချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်” လို့ ပါဝါက ပြောကြားခဲ့ပါတယ်။
အဆိုပါမူကြမ်းဟာ မြောက်ကိုးရီးယားရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ကြားက သဘောတူညီမှုတစ်ခုရဲ့ ရလဒ်ဖြစ်ပြီး၊ တရုတ်အနေနဲ့ ၎င်းရဲ့အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေးမူဝါဒပြောင်းလဲလာမှုကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကတော့ အဲဒီ မူကြမ်းကို ဒီသီတင်းပတ်အဆုံးမှာ မဲခွဲဖို့ ရှိနေပါတယ်။
Ref: Al-jazeera


Leave a Reply
You must be logged in to post a comment.