မတ် ၁၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှာရှိတဲ့ ခရစ်ယာန်နှစ်ခြင်းအသင်းတော်က အာဖရိကနွယ်ဖွား သင်းအုပ်ဆရာတစ်ဦးဟာ ၀တ်ပြုဆုတောင်းမှု အစီအစဉ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
အသက် ၇၀ အရွယ်ရှိတဲ့ ၀ီလီယံ ဘီ စကူလာဖြစ်ပြီး တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၂း၃၀ ၀န်းကျင်လောက်က စိန့်ပီတာသာသနာပြု နှစ်ခြင်းဘုရားကျောင်းမှာ သေနတ်နဲ့အပစ်ခံရတာ ဖြစ်ပါတယ်။ အဲဒီသင်းအုပ်ဆရာကို ၎င်းရဲ့ ညီအကိုဖြစ်သူက သတ်သွားတယ်လို့ ယုံကြည်ရပါတယ်။
သေနတ်ပစ်ခတ်မှုအတွက် ဘုရားကျောင်းထဲမှာရှိတဲ့ အသက် ၆၈ နှစ်အရွယ် ဒန်နီယဲလ် ဂရီဂိုရီ စကူလာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မောင့်ဂိုမာရီ ခရိုင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ဘာကြောင့်ပစ်သတ်ရလဲဆိုတာကို မသိရပေမယ့် သင်းအုပ်ဆရာကို တမင် ရည်ရွယ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြာပါတယ်။ တူဖြစ်သူ ဂျွိုက်စ် နပီးရ်က ဒန်နီယဲလ် စကူလာဟာ စိတ်ရောဂါဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာဟာ ဒေတန်ကျောင်းဘုတ်အဖွဲ့မှာ ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့အပြင် ဒေသတွင်း နှစ်ခြင်းသင်း အုပ်ဆရာများအသင်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
Ref: Presstv


Leave a Reply
You must be logged in to post a comment.