မတ် ၅၊ ၂၀၁၆
M-Media
– ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်အတွင်း ဖွင့်လှစ်ရန်ရှိနေပြီး တစ်နှစ်လျှင် ခရီးသည် ပမာဏမှာ ၆ သန်းအထိ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။
မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားမှုကို မြန်မာ့တိုင်းမ်စ်သတင်းစာ ဖော်ပြခဲ့သည်။ အေးရှားဝေါလ်မှာ အဆိုပါ ဂိတ်ပေါက်သစ် ဆောက်လုပ်ရေးကို ၂၀၁၃ ခုနှစ်တွင် တင်ဒါ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရမှာ ၂၀၂၀ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ခရီးသည် ၇.၅ သန်း လာရောက်လည်ပတ်ရန် ပစ်မှတ်ထားနေပြီး ၂၀၂၂ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးတွင် လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်ရန်လည်း ရှိနေသည်။ တစ်နှစ်လည် ခရီးသည် ၁၂ သန်းကို ၀န်ဆောင်ပေးနိုင်မည့် အဆိုပါ လေဆိပ်သစ် ဆောက်လုပ်မှုကို မကြာခင် စတင်မည်ဖြစ်သည်။
Ref: yangoon.coconuts


Leave a Reply
You must be logged in to post a comment.