မတ် ၆၊ ၂၀၁၆
M-Media
– နိုင်ငံအရှေ့ပိုင်းရှိ ဝေလံခေါင်ဖျားသော ဒေသအချို့ကို သိမ်းယူထားခဲ့သည့် IS အဖွဲ့ကို ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ယနေ့တွင် ပြောကြားလိုက်သည်။
ပါလီမန်၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နန်ဂါဟာရ်ပြည်နယ်မှ IS အဖွဲ့များကို သုတ်သင်နိုင်ခဲ့ကြောင်း၊ အာဖဂန်မှာ IS အဖွဲ့အတွက် သင်္ချိုင်းဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အာဖဂန်တပ်ဖွဲ့ဝင်များမှာ အာချင်နှင့် ရှင်န၀ါရ် ခရိုင်များသို့ ၂၁ ရက်တာ တိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး IS သစ္စာခံပေါင်း အနည်းဆုံး ၂၀၀ ကို သတ်ဖြတ် သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။
အာဖဂန်တွင် IS အဖွဲ့ ရှိနေခြင်းမှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး IS အဖွဲ့ဝင်များက ၎င်းတို့မှာ တာလီဘန်နှင့် ဘာမှမဆိုင်ဟု ပြောကြားခဲ့ကြသည်။ အာဖဂန်ရှိ IS အဖွဲ့မှာ အာချင်ပြည်နယ်တွင် တစ်နာရီကြာမြင့်သည့် ရေဒီယိုထုတ်လွှင့်မှု စခန်းကိုပင် ဖွင့်လှစ်ခဲ့ကြသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.