News @ M-Media

လက်စတာ ဘောလုံးကင်းထောက်အား နည်းပြက အသင်း၌ ဆက်လက် ထိန်းသိမ်း လိုနေ

မတ် ၁၁၊ ၂၀၁၆
M-Media

leis 5

– အသင်း၏ ထိပ်တန်း ဘောလုံးကင်းထောက်ဖြစ်ပြီး၊ လက်ထောက်ဖြစ်သူ စတိဗ် ၀ါ့လ်ရှ်အား လာမည့်နှစ်တွင် ထိန်းသိမ်းထားရန် အရေးကြီးသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

လက်စတာအသင်း ပရီးမီးယားလိဂ် ဇယားထိပ်တွင် ဦးဆောင်မှုအတွင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီဗာဒီ၊ ရီယာ့ဒ်မဟ်ရက်ဇ်နှင့် ကွင်းလယ်လူ အန်ဂိုလို ကန်တီတို့အား ရှာဖွေခေါ်ယူမှုတွင် ၀ါ့လ်ရှ်မှာ အဓိကကျခဲ့သူ ဖြစ်သည်။

ဝါ့လ်ရှ်ကို အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ရာနီယေးရီက ၎င်းနှင့်အတူ လက်ထောက်နည်းပြ ခရေ့ဂ်ျကိုလည်း လက်စတာတွင် ဆက်ရှိနေရန် လိုလားနေသည်။

“သူတို့ကိုထိန်းထားဖို့ဟာ တော်တော်လေး အရေးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော်နဲ့အတူ စာချုပ်ချုပ်ဖို့ တောင်းဆိုထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဝန်ထမ်းအားလုံးနဲ့ ကျွန်တော်ဟာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ကျွန်တော်နဲ့ အတူရှိနေတဲ့လူတိုင်း ပျော်ရွှင်ချမ်းမြေ့တာကိုပဲ ကျွန်တော် နှစ်သက်ပါတယ်။ သိပ်မကြာခင်မှာ သူတို့ စာချုပ်ချုပ်မှာပါ။ သူတို့ ပျော်ရွှင်လေလေ၊ ကျွန်တော်တို့ ဆက်လက်တိုးတက်လေလေပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply