News @ M-Media

NLD အစိုးရသစ်တွင် ဝန်ကြီးဌာန ၂၁ ခု ဝန်ကြီး ၁၈ ဦးပါမည်။

မတ်လ ၁၇ ၊ ၂၀၁၆
M-Media
သတင်း- သီဟ

10583887_997737033597253_7429701641802846183_n
သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီး ၁၈ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့ ကျင်းပသော  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးထင်ကျော်ကတင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းထားခြင်းကို တင်ပြလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာန နှင့် ဝန်ကြီး အရေအတွက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များ စာရင်းပေးသွင်းထားရန် နာယက မန်းဝင်းခိုင်းသန်းက ကြေညာခဲ့သည်။

ဝန်ကြီးဌာန ၂၁ ခု အမည်များမှာ
(၁) နိုင်ငံခြားရေးဝန်ကြီးဌာန
(၂)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(၃)ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(၄)ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန
(၅)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(၆)လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
(၇)အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
(၈)စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
(၉)စက်မှုဝန်ကြီးဌာန
(၁၀)ကျန်းမာရေးဝန်ကြီးဌာန
(၁၁)ပညာရေးဝန်ကြီးဌာန
(၁၂)ဆောက်လုပ်ရေးဝန်ကြီးဌာန
(၁၃)လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၁၄)ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
(၁၅)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၁၆)ပြန်ကြားရေး ဝန်ကြီးဌာန
(၁၇)တိုင်းရင်းသားရေးရာဝန်ကြီးဌာန
(၁၈)သမ္မတရုံးဝန်ကြီးဌာန
(၁၉)ကာကွယ်ရေးဝန်ကြီးဌာန
(၂၀)ပြည်ထဲရေးဝန်ကြီးဌာန
(၂၁)နယ်စပ်ရေးရာဝန်ကြီးဌာန တို့ဖြစ်ပါသည်။

Comments

Leave a Reply