မတ် ၂၀၊ ၂၀၁၆
M-Media
– အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဘီလျံနာ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုကို အမေရိကန်ပြည်သူများက နယူးယောက်နှင့် အရီဇိုးနားပြည်နယ်များတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
အရီဇိုးနားပြည်နယ် ဖောင်တိန် ဟေးလ်စ်တွင် ဒေါ်နယ်ထရမ့်အား ထောက်ခံမည့် ချီတက်လမ်းလျှောက်မှု ပြုလုပ်ရန် စီစဉ်ထားသော လမ်းကြောင်းကို ဆန္ဒပြသူ ရာပေါင်းများစွာက ပိတ်ဆို့ခဲ့ကြသည်။ ထို့ပြင် ထရမ့်အား ဆန့်ကျင်သည့် ကျွေးကြော်သံများ၊ ဆိုင်းဘုတ်များနှင့် အလံများကို ကိုင်ဆောင်ခဲ့ကြပြီး မည်သည့် ရုန်းရင်းဆန်ခတ်မှုမှ မရှိခဲ့ပေ။
နယူးယောက်မြို့ ဆန္ဒပြမှုကို မြို့လယ်ကောင် မန်ဟက်တန်ရှိ ကိုလံဘတ်စ်အ၀ိုင်းတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူရာပေါင်းများစွာ ပါဝင်ခဲ့သည်။
“လူမျိုးရေးခွဲခြားသူ၊ တဏှာရူး၊ လိင်တူချစ်သူ ဆန့်ကျင်သူ ဒေါ်နယ်ထရမ့် ထွက်သွား” ဟု ဆန္ဒပြသူများက ဟစ်အော်ခဲ့ကြသည်။ ထို့ပြင် “ထရမ့်ကိုနှင်ထုတ်” “ထရမ့်ကိုထောင်ချထား” “ငါတို့ရဲ့ အခြေခံဥပဒေကို အယူသည်းအောင် ထရမ့်ကို လုပ်ခွင့်မပေးနဲ့” စသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။
ထရမ့်မှာ ၎င်း၏ မဲဆွယ်မှုများတွင် လူမည်းများ၊ မက္ကဆီကန်များ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို ခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့သူဖြစ်ပြီး ယခုနောက်ပိုင်းတွင် ၎င်းအား ဆန္ဒပြမှုများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း မြင့်တက်လာခဲ့သည်။
Ref: Press TV
Leave a Reply
You must be logged in to post a comment.