မတ် ၂၀၊ ၂၀၁၆
M-Media
– အာဖရိကတိုက်ရှိ ဂီနီနိုင်ငံတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး သေဆုံးသူမှာ ၄ ဦးအထိ ရှိလာပြီဟု သိရသည်။
အဆိုပါ တစ်ကျော့ပြန်အီဘိုလာမှာ ဂီနီနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးသေဆုံးခဲ့သူမှာ အမျိုးသမီငယ်တစ်ဦးဖြစ်သည်။ မိသားစုဝင်များအပါအ၀င် ထိုအမျိုးသမီးငယ်နှင့် ထိတွေ့ဆက်ဆံဖူးသူများကို ခြေရာခံရန် ကြိုးစားနေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့သည့် အီဘိုလာ ကပ်ရောဂါကြောင့် ဂီနီနိုင်ငံတွင် လူပါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထပ်မံကူးစက်မှု မရှိတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့သည်။ သို့သော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်ဟု သတိပေးထားသည်။
အီဘိုလာကူးစက်ပြန့်နှံ့မှု အများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဂီနီ၊ ဆီရာလီယွန်နီနှင့် လိုက်ဘေးရီးယားတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။
Ref : Channelnewsasia


Leave a Reply
You must be logged in to post a comment.