မတ် ၂၃၊ ၂၀၁၆
M-Media
– တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ၎င်း၏ မဟာမိတ်များမှာ ၀မ်နည်းစရာကောင်းသည့် နိဂုံးနှင့် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ယနေ့မနက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ပြီး မိမိတို့မှာ ပက်ဂျုံဟေးအပေါ် “တရားသော လက်တုံ့ပြန်စစ်ပွဲ” ဆင်နွှဲသွားမည်ဖြစ်ကာ မိမိတို့၏ အမြောက်တပ်မှာ ပက်၏ ရုံးအား မီးပင်လယ်ဖြစ်အောင် ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
“မြောက်ကိုရီးယားရဲ့ ဒီသတိပေးချက်က ရန်လိုတာတော့မဟုတ်ပါဘူး။ အမေရိကန်နဲ့ ပက်ဂျုံဟေးတို့က မဆင်မခြင်လုပ်မယ်ဆိုရင် ၀မ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်တာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့က Foal Eagle ဟု အမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ နျူဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ပြုလုပ်ခဲ့သည်။
ထို့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယားရှိ အဓိကအဆောက်အဦးများကို ပစ်မှတ်ထားဖျက်ဆီးသည့် လေ့ကျင့်ခန်းများ ပါဝင်ခြင်းမှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ထည့်သွင်းပြောကြားခဲ့သည်။
Rfe: Channelnewsasia


Leave a Reply
You must be logged in to post a comment.