မတ် ၂၃၊ ၂၀၁၆
M-Media
– အခွံမာသီးမှ အစေ့များနှင့် ဟင်းရွက်ဆီတို့ကဲ့သို့ အရာများကို စားသုံးခြင်းက အဆင့် ၂ ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးသည်ဟု ယူကေသိပ္ပံညာရှင်များ၏ လေ့လာမှုအရ သိရသည်။
ပညာရှင်များမှာ အစောပိုင်းက ကိုယ်အလေးချိန်လျှော့ချမှုမှာ ဆီးချိုဖြစ်နိုင်သည့် အခြေအနေမှ အဆင့် ၂ သို့ မရောက်ရှိစေရန်အတွက် ကာကွယ်ပေးနိုင်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု လေ့လာမှုအသစ်အရ အစားအသောက်တွင် ရွေးချယ်စားသောက်ခြင်းဖြင့် ထိုကဲ့သို့ သက်ရောက်မှု ရှိနိုင်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သုတေသနတွင် အားကစားသမား၊ အ၀လွန်သူ၊ ဆီးချိုဖြစ်နိုင်ချေရှိသူနှင့် အဆင့် ၂ ဆီးချိုဖြစ်နေသူများ၊ သာမန်လူကောင်း စုစုပေါင်း ၇၀ ကျော်တို့၏ သွေးအတွင်းရှိသော ဂလူးကို့စ်အခြေအနေကို စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့စောင့်ကြည့်ရာတွင် အခွံမာသီးအစေ့များနှင့် ဟင်းရွက်ဆီတို့ကို စားသုံးသောသူများမှာ သကြားအတွင်း အချိုဓာတ်နှင့် အဆီမြင့်တက်မှုများမှာ နှေးကွေးသည်ကို တွေ့ခဲ့ရသည်။
စမ်းသပ်မှုတွင် ပါဝင်သည့် ဒေါက်တာ နီကိုလာ ဂက်စ်ကမူ ယခုလေ့လာမှုမှာ ဆီးချိုရောဂါဖြစ်နိုင်သည့် အခြေအနေများတွင် ရောဂါပိုမတိုးလာစေရေး နေ့စဉ်စားသောက်မှု ဆင်ခြင်ရန် အကြံပေးနိုင်မည်လားဆိုသည်နှင့်ပတ်သက်၍ ပထမဆုံး ရှာဖွေတွေ့ရှိမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.