News @ M-Media

ဇနီးဟောင်းရှိရာသို့ သွားချင်သည့်အတွက် အီဂျစ်နိုင်ငံသားတစ်ဦး လေယာဉ်ပြန်ပေးဆွဲ

မတ် ၂၉၊ ၂၀၁၆
M-Media

hijack

– အီဂျစ်ပြည်တွင်းတွင် ပြေးဆွဲသည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက ပြန်ပေးဆွဲခံရကာ၊ ဆိုက်ပရက်စ်သို့ဆင်းရန် ပြန်ပေးဆွဲခံရသူက ညွှန်ကြားခဲ့သည်ဟု သိရသည်။

EgyptAir လေကြောင်းလိုင်းမှ MS181 လေယာဉ်ဖြစ်ပြီး အလန်ဇန်းဒရီးယားမှ ကိုင်ရိုသို့ပျံသန်းစဉ် ထိုကဲ့သို့ ပြန်ပေးဆွဲခဲ့ရခြင်းဖြစ်သည်။ ပြန်ပေးဆွဲသူမှာ အီဘရာဟင် ဆမာရှာ ဆိုသူဖြစ်ပြီး ဆိုက်ပရက်စ်တွင်နေသည့် ၎င်း၏ ဇနီးဟောင်းကို တွေ့ဆုံချင်သည့်အတွက် ထိုကဲ့သို့ ပြန်ပေးဆွဲခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်ပေးဆွဲသူက ၎င်းတွင် အသေခံဗုံးခွဲခါးပတ် ပါဝင်သည်ဟု လေယာဉ်မှူးအား ခြိမ်းခြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့ ပါဝင်ခြင်းမရှိသည်ကို တွေ့ခဲ့ရသည်။ လက်ရှိတွင် လေယာဉ်ကို ဆိုက်ပရက်စ်ရှိ လာရ်နာကာမြို့တွင် ဆင်းသက်ထားသည်။

လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၈၁ ဦး ပါဝင်သွားခဲ့ပြီး ပြန်ပေးဆွဲသူနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံခြားသားလေးဦးနှင့် လေယာဉ်အမှူထမ်းများမှလွဲ၍ ကျန်ခရီးသည်များအား လွှတ်ပေးရန် သဘောတူညီချက် ရခဲ့သည်ဟု EgyptAir က ပြောကြားခဲ့သည်။

ပြန်ပေးဆွဲခဲ့သူ ဆမာရှာမှာ ၎င်း၏ ဇနီးဟောင်းကို ပေးရန်ဟု ယူဆရကာ အာရဘီဘာသာစကားဖြင့် ရေးသားထားသည့် စာတစ်စောင်ကိုလည်း ပစ်ချခဲ့ကြောင်း၊ ဆိုက်ပရက်စ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ဘာသာပြန်မှတစ်ဆင့် တောင်းဆိုထားကြောင်း သတင်းများက ဖော်ပြကြသည်။

Ref: RT

Comments

Leave a Reply