ဧပြီ ၁၊ ၂၀၁၆
M-Media
– ရာသီကုန်တွင် အသင်း၌ ကစားသမားအားဖြည့်မှုကို ဂျာမန်ဘွန်ဒစ်လီဂါတစ်ခုတည်းမှ ပြုလုပ်မည်မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှာဖွေနေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
ကလော့ပ်မှာ ရာသီကုန်တွင် အသင်းအား ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ရန်ရှိနေပြီး ၎င်းကိုင်တွယ်ခဲ့ဖူးသည့် ဒေါ့မွန်နှင့် ကျင်လည်ခဲ့ဖူးသည့် ဘွန်ဒစ်လီဂါတို့မှ ကစားသမားများသာ လီဗာပူးလ်သို့ ရောက်ရှိလာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
သို့သော်လည်း ကလော့ပ်ကမူ နေရာတိုင်းမှ ကစားသမားများကို ရှာဖွေနေသည်ဟု ဆိုသည်။
“ဂျာမန်နိုင်ငံသားဖြစ်တာကြောင့်ဆိုတာကို အခြေခံပြီး ကစားသမားတွေကို ခေါ်မှာမဟုတ်ပါဘူး။ ဒါက အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။ ကျွန်တော်တို့ ဘွန်ဒစ်လီဂါကနေပဲ ရှာမှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက လိုက်ရှာနေပါတယ်။ ဒါပေမယ့် ကစားသမားတွေ ဘယ်ကလာလဲဆိုတာထက် အသင်းအတွက် အံဝင်ခွင်ကျဖြစ်မလားဆိုတာက ပိုအရေးကြီးပါတယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.