ဧပြီ ၁၊ ၂၀၁၆
M-Media
– ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာမှာ ယူရို သန်း ၁၀၀ ကျော် တန်ကြေးရှိသည်ဟု အသင်းဖော် ပီယာလိုက ပြောကြားလိုက်သည်။
ပေါ့ဘာမှာ ဂျူဗင်တပ်စ်အသင်းနှင့် ခြေစွမ်းကောင်းများကို ပြသနေသောကြောင့် ဥရောအသင်းကြီး အများအပြားက စိတ်ဝင်စားနေသည်။ သို့သော်လည်း ၎င်း၏ အေးဂျင့် မီနို ရိုင်အိုလာကမူ ပေါ့ဘာမှာ ဂျူဗင်တပ်စ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
ပီယာလိုကမူ ပေါ့ဘာမှာ ၂၀၁၃ ခုနှစ် ဂါရက်ဘေးလ်ကို စပါးမှ ရီးယဲလ်က ခေါ်ယူရာတွင် ကုန်ကျခဲ့သည့် ယူရို သန်း ၁၀၀ ကျော် တန်ကြေးရှိသည်ဟု ပြောကြားခဲ့သည်။
“ဂျူဗင်တပ်စ်က သူ့ကို ထိန်းသိမ်းချင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် ကစားသမားတစ်ယောက်တည်းနဲ့ တစ်သင်းလုံးပြန်လည်တည်ဆောက်နိုင်တဲ့ ငွေကြေးကို ရနိုင်ပါတယ်။ ပေါ့ဘာက အဲဒီလိုရနိုင်တဲ့ ကစားသမားမျိုးပါ။ သူ့အရွယ်နဲ့ဆိုရင် သူ့ကိုတည်ပြီး နောက်ထပ်နှစ်တော်တော်များများ အသင်းကို တည်ဆောက်လို့ရပါတယ်။ သူသွားချင်တယ်ဆိုရင်တော့ သူဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးလောက်နဲ့ သွားရမှာပါ”
Ref: Goal


Leave a Reply
You must be logged in to post a comment.