ဧပြီ ၄၊ ၂၀၁၆
M-Media
– ချယ်းဆီးအသင်းမှာ လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် အီတလီလက်ရွေးစဉ်အသင်းနည်းပြ အန်တိုနီယို ကွန်တီကို ယနေ့တွင် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။
ထို့ကြောင့် ကွန်တီမှာ ချယ်ဆီးအသင်း၏ ၅ ယောက်မြောက် အီတလီနည်းပြ ဖြစ်လာခဲ့ကာ ယူရို ၂၀၁၆ အပြီးတွင် အသင်းသို့ လာရောက်မည်ဖြစ်သည်။ ဂျူဗင်တပ်အသင်းတွင် နည်းပြစဉ်က စီးရီးအေဖလား ၃ ကြိမ် ရရှိထားသူ ကွန်တီက ချယ်ဆီးသို့ လာရမည့်အတွက် စိတ်လှုပ်ရှားသည်ဟု ပြောကြားခဲ့သည်။
“ချယ်ဆီးမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်နိုင်ငံရဲ့ လက်ရွေးစင်အသင်းကို နည်းပြခွင့် ရခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ချယ်ဆီးရဲ့ နည်းပြနေရာကလည်း စိတ်ဝင်စားစရာနေရာတစ်ခုပါ။ အသင်းက လူတိုင်းကို တွေ့ဆုံသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရမယ့် နေ့စဉ်အခက်အခဲတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ကွန်တီက ချယ်ဆီးအသင်း ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.