News @ M-Media

ပါလက်စတိုင်းကို အီရန်က ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်

ဧပြီ ၄၊ ၂၀၁၆
M-Media

iran 6

– ပါလက်စတိုင်းပြည်သူတွေအပေါ် အီရန်ဟာ ဆက်လက် အားပေးထောက်ပံ့ ကူညီသွားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းကုန်းမြေနေ့ အထိမ်းအမှတ် အခမ်းအနားမှာ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီးရ်-အဗ္ဗဒူလာဟီယန်က ပြောကြားခဲ့ပါတယ်။

“အီရန် အစ္စလာမ့်သမ္မတ နိုင်ငံကနေ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ဆက်လက် ကူညီသွားပါမယ်” လို့ ပြောဆိုခဲ့တာပါ။ အမီးရ်-အဗ္ဗဒူလာဟီယန်ဟာ အီရန်ရဲ့ အာရပ်နဲ့ အာဖရိကရေးရာရာတွေကို ကိုင်တွယ်ဆောင်ရွက်ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

နောက်ပြီး သူက ပါလက်စတိုင်းပြဿနာဟာ အစ္စလာမ်ကမ္ဘာရဲ့ ထိပ်တန်းစာရင်းမှာ ရှိနေပြီး ဒေသတွင်းပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပါလက်စတိုင်းရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အာရုံပြောင်းသွားလို့ မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခုဆိုရင် ပါလက်စတိုင်းကို ထိထိရောက်ရောက် ကျောထောက်နောက်ခံပေးဖို့နဲ့ အကြမ်းဖက်ဝါဒကို အပြင်း အထန်တိုက်ခိုက်ဖို့ဟာ ဒေသတွင်း အဓိကဦးစားပေး ကိစ္စနှစ်ရပ်ဖြစ်ပါတယ်”

ဝန်ကြီးက ဇီယွန်ဝါဒီ အစ္စရေးအစိုးရက ဒေသတွင်း မလုံမခြုံဖြစ်စေတဲ့ အဓိကရင်းမြစ်ဖြစ်တယ်လို့လည်း ၀န်ကြီးက ထောက်ပြခဲ့ပြီး အစ္စရေးရဲ့ ဂျူးဇာတ်သွင်းမှု၊ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုနဲ့ ဂျေရုဆလင်ရဲ့ အမှတ်သညာကို ပယ်ဖျက်ကာ အသစ်ပြန်လည်သတ်မှတ်မှု စတာတွေဟာ ပါလက်စတိုင်းကို မတရားအနိုင်ကျင့်တဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်းမှာ အမုန်းထန်စေခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply