ဧပြီ ၆၊ ၂၀၁၆
M-Media
– လာမည့်ရာသီတွင် ချယ်ဆီးသို့ရောက်ရှိလာမည့် နည်းပြ အန်တိုနီယို ကွန်တီကို ချယ်ဆီးဂန္တ၀င်တိုက်စစ်မှူး ဇိုလာက ချီးကျူးလိုက်ပြီး ကွန်တီမှာ စတမ်းဖို့ဘရစ်ခ်ျသို့ အောင်မြင်မှုများကို ဆောင်ကျဉ်းလာလိမ့်မည်ဟု ပြောကြားလိုက်သည်။
အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေသည့် ကွန်တီမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချယ်ဆီးနှင့် ၃ နှစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ယူရို ၂၀၁၆ အပြီးတွင် အသင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ချယ်ဆီးမှာ ကွန်တီ၏ အီတလီပြင်ပတွင် ကိုင်တွယ်မည့် ပထမဆုံး ဘောလုံးအသင်းလည်း ဖြစ်လာမည်ဖြစ်သည်။
ဇိုလာကမူ လက်ရှိတွင် စိတ်ပျက်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးသို့ ကွန်တီက အောင်မြင်မှုများကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်နေသည်။
“အန်တိုနီယိုဟာ နည်းပြကောင်းတစ်ဦးမှာ နိုင်ငံအသင်းနဲ့လည်းဆောင်ရွက်ထားတာကလည်း ကျေနပ်စရာပါ။ သူကိုင်တဲ့အသင်းက အမြဲတမ်း သတိထားစရာတစ်ခုစီရှိပြီး ပုံစံကောင်းကိုလည်း ပြသနိုင်ပါတယ်။ ချယ်ဆီးမှာ သူဟာ ကြီးကျယ်တာတွေကို လုပ်ပြနိုင်မှာပါ။ အီဗရာဟီမိုဗစ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကို လိုချင်တာကြောင့် ကွန်တီကို ခေါ်ခဲ့တာပါ” ဟု ဇိုလာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.