ဧပြီ ၇၊ ၂၀၁၆
M-Media
– တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းက အသက်ငယ်ငယ်လေးနဲ့ သေဆုံးနိုင်မှုကို ၃၅ ရာခိုင်နှုန်းလောက် လျှော့ချပေးတယ်လို့ သြစတေးလျမှပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။
Western Australia တက္ကသိုလ်က အသက် ၇၀ ကနေ ၈၅ နှစ်အကြားမှာရှိတဲ့ အုပ်စုတစ်ခုကို ၁၅ နှစ်ကြာ လေ့လာခဲ့ရာကနေ ဒီလို တွေ့ရှိခဲ့တာပါ။ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန် ဟဒ်ဆန်က ပန်းသီးဟာ အရေပြားအတွင်းက အမျှင်ဓာတ်နဲ့ ဖလာဗိုနွိုက်ပမာဏကို အားကောင်းတယ်လို့ ဆိုပါတယ်။
ဖလာဗိုနွိုက်ဆိုတာ ပန်းသီး၊ ဘယ်ရီသီးများ၊ သစ်တော်သီးများ၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥအပါအ၀င် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အပင်ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
“ပန်းသီးအခွံက ဖလာဗိုနွိုက်ဒြပ်ပေါင်းတွေဟာ သွေးလွှတ်ကြောပြေလျော့မှုကို အားကောင်းစေကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ပန်းသီးစားသုံးမှုများခြင်းဟာ အကြောင်းအမျိုးမျိုးကြောင်း သေဆုံးနိုင်ချေကို လျော့နည်းစေပြီး အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာနဲ့သေဆုံးမှုကိုလည်း လျှော့ချပေးကြောင်းကို အခုသက်သေပြလိုက်ပါပြီ” လို့ ဒေါက်တာ ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ဖလာဗိုနွိုက်များများစားသုံးခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့လည်း ဆက်စပ်နေတဲ့အပြင် ၀ိတ်တောင်ကျစေနိုင်ပါတယ်။ အသက်အရွယ်မရွေး အမျိုးသားအမျိုးသမီးအကုန်လုံးမှာ ရလဒ်တူတူပဲတွေ့ရပါတယ်။ တစ်နေ့ကို ဒီလိုသစ်သီးမျိုးနည်းနည်းလောက်ပဲစားမယ်ဆိုရင်တောင် ကျန်းမာရေးအပေါ် အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်”
SM/IINA
Leave a Reply
You must be logged in to post a comment.