ဧပြီ ၉၊ ၂၀၁၆
M-Media
– ကယ်လီဖိုးနီးယားရှိ တောတစ်ခုကို မီးရှို့ကာ ထိုမီးလောင်မှုအား နောက်ခံထား၍ ၎င်းကိုယ်ကို ဗီဒီယို ရိုက်ကူးခဲ့သူ အမျိုးသားကို အမေရိကန်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ နှင့် ဒဏ်ငွေ ကန်ဒေါ်လာ သန်း ၆၀ ချမှတ်လိုက်သည်ဟု သိရသည်။
ဝိန်း အဲလင် ဟတ်စ်မန်ဆိုသူဖြစ်ပြီး လနှင့်ချီကြာမြင့်ခဲ့သည့် အဆိုပါတောမီးမှာ ၎င်း၏ လက်ချက်မဟုတ်ဟု ကနဦးက ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မီးရှို့မှု စွဲချက် ၃ ခုအတွက် ၀န်ခံခဲ့သည်။
အဆိုပါတောမီးမှာ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အဆိုးဝါးဆုံး တောမီးများထဲမှ တစ်ခုဖြစ်ခဲ့ပြီး မြေဧက တစ်သိန်းနီးပါး လောင်ကျွမ်းခဲ့ကာ အိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ပျက်ဆီးခဲ့သည်။ ထို့ပြင် ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် နေထိုင်သူ ပြည်သူ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.