News @ M-Media

အာရပ်ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်တော့မည်

ဧပြီ ၁၂၊ ၂၀၁၆
M-Media

joint

– အစ္စလာမ်သာသနာရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်ဝါဒကို မိမိတို့ အာရပ်ပူးပေါင်းတပ်ဖွဲ့က မကြာမီတိုက်ဖျက်သွားတော့မယ်လို့ ဆော်ဒီဘုရင်ကြီး ဆလ်မန်က အီဂျစ်ပါလီမန်မှာ တနင်္ဂနွေနေ့က ပြောကြားလိုက်ပြီး မွတ်စလင်ကမ္ဘာအနေနဲ့ စည်းလုံးညီညွတ်မှုရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဘုရင်ကြီး ဆလ်မန်ရဲ့ အဲဒီမိန့်ခွန်းဟာ ကိုင်ရိုင်မှာ အာရပ်ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ပြောကြားမှုလည်းဖြစ်ပါတယ်။

“ပါလက်စတိုင်းအရေးကိစ္စအပါအ၀င် ကျွန်တော်တို့နိုင်ငံတွေရဲ့ ပြဿနာတွေကို ကုစားဖို့အတွက် အားလုံး တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွှတ်ဖို့ လိုအပ်နေပါပြီ။ ယနေ့မြင်နေရတဲ့ ဆော်ဒီ-အီဂျစ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ရာကနေ ကျွန်တော်တို့ အာရပ်တွေနဲ့ မွတ်စလင်ကမ္ဘာအတွက် သဟဇာတဖြစ်ဖို့ ကောင်းမွန်တဲ့ စတင်ခြင်းဖြစ်ပါတယ်” လို့ ဆော်ဒီဘုရင်က ပြောကြားခဲ့ပါတယ်။

ဘုရင် ဆလ်မန်ရဲ့ ဒီပြောကြားမှုအတွက် အီဂျစ် လွှတ်တော်အမတ်တွေက မတ်တပ်ရပ် လက်ခုပ်သြဘာပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တစ်ချို့အမတ်တွေကတော့ ဆော်ဒီရဲ့ အစိမ်းရောင်အလံကို ဝှေ့ရမ်းပြပြီး တစ်ချို့ကလည်း ‘အီဂျစ်နိုင်ငံသားတွေ သင့်ကို နှုတ်ခွန်းဆက်ပါတယ်’ လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဆော်ဒီနဲ့ အီဂျစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အားထုတ်မှုတွေဟာ အကြမ်းဖက်ဝါဒ အမြစ်ဖြတ်ရေး ပိုမို အားကောင်းစေမယ်လို့လည်း ဘုရင်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အာရပ်မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့လည်း မိမိတို့က လုပ်ဆောင်နေကြောင်း အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို စီးပွားရေးအရ၊ စစ်ရေးအရ၊ ၀ါဒရေးရာအရပါ အပြတ်နှိမ်နင်းရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်ပြောကြားခဲ့ပါတယ်။

“အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အာရပ်ကမ္ဘာနဲ့ အစ္စလာမ်နိုင်ငံတွေရဲ့ အဓိကကျောရိုးကြီးဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကသာလျှင် ရန်သူတွေရဲ့ အစီအစဉ်ကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုပါပဲ”

Ref: ArabNews

Comments

Leave a Reply