ဧပြီ ၁၇၊ ၂၀၁၆
M-Media
– လာလီဂါဇယားအား ဦးဆောင်နေသည့် ဘာစီလိုနာ၏ ခြေချော်မှုကို အခွင့်ကောင်းယူရန်အတွက် အသင်းသားများအနေဖြင့် သတိမပြတ်ရှိနေရန် ရီးယဲလ်နည်းပြ ဇီဒိန်းက တိုက်တွန်းထားသည်ဟု သိရသည်။
လက်ရှိချန်ပီယံ ဘာစီလိုနာမှာ ရာသီအစကတည်းက အရှိန်အဟုန်ကောင်းကောင်းဖြင် ဇယားအား ဦးဆောင်လာနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် ရီးယဲလ်နှင့် ဆိုစီဒက်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိတွင် ဒုတိယနေရာမှ ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၁ မှတ်သာ ဖြတ်ထားနိုင်သည်။
ရီးယဲလ်မှာ ယမန်နေ့က ဂီတာဖေးအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဘာစီလိုနာက ယနေ့တွင် ဗလင်စီယာနှင့် ကစားရမည်ဖြစ်သောကြောင့် ဇီဒိန်းက ဘာစီလိုနာ ခြေချော်နိုင်ချေကို တွက်ဆထားခြင်းဖြစ်သည်။
“ကိုယ့်အလုပ်ကိုယ်ပဲ ကျွန်တော်တို့ အာရုံစိုက်ပါတယ်။ လာလီဂါက အရေးကြီးတယ်ဆိုတာကို ကစားသမားတွေလည်း သိကြပါတယ်။ ဒီနေ့ ကျွန်တော်တို့က တစ်မှတ်အကွာနဲ့ အိမ်ပြန်ရမယ်။ ဒီနေ့ပွဲမှာ အစကတည်းက ကျွန်တော်တို့ ကောင်းကောင်း ကစားချင်ခဲ့တာပါ။ ကစားသမားအားလုံးဟာ ပရော်ဖက်ရှင်နယ်ပီသစွာ ကစားခဲ့ပြီး ပြိုင်ဘက်အသင်းကိုလည်း လေးစားခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ ဘာကာနဲ့ အက်သလက်တီကိုတို့ ခြေချော်မလားဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့ကို ကျွန်တော်တို့ စောင့်ကြည်ရပါမယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
ရီးယဲလ်မှာ ချန်ပီယံလိဂ်တွင် ဆီမီးဖိုနယ်သို့ တက်ရောက်သွားပြီး မန်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.