ဧပြီ ၂၅၊ ၂၀၁၆
M-Media
– ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘီရှက်တွင် နိုင်ငံလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုနှင့် ရွတ်ဖတ်သရဇ္ဈယ်မှုပြိုင်ပွဲကို ပြီးခဲ့သည့် စနေနေ့က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်မှုအဖွဲ့၊ ကာဂျစ္စတန် မွတ်စလင်ရေးရာ ဘာသာရေး စီမံခန့်ခွဲမှုအဖွဲ့နှင့် အဟ်ဆန် ပရဟိတအသင်းတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ အမျိုးသားနှင့် အမျိုးသမီး ဟာဖိဇ် (ကုရ်အာန်ကျမ်းတ်ေမြတ် အာဂုံဆောင်သူ) စုစုပေါင်း ၇၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။
ပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် အစ္စလာမ့်ရေးရာပညာရှင်များက နိုင်ငံတကာ ကုရ်အာန်ကျမ်းမြတ် အာဂုံဆောင်မှုအဖွဲ့မှ နိုင်ငံအများအပြားတွင် ထိုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပေးမှုအတွက် ချီးကျူးပြောဆိုခဲ့သည်။ ထိုအခမ်းအနားသို့ ကာဂျစ္စတန်နိုင်ငံဆိုင်ရာ ဆော်ဒီ ဒုတိယသံအမတ်ကြီး အဘ်ဒူလ် မိုဟ်ဆန် အလ်-ဖူဟစ်လည်း တက်ရောက်ခဲ့သည်။
Ref: IINA


Leave a Reply
You must be logged in to post a comment.