News @ M-Media

မိမိမှာ သမိုင်းတွင်သည့်ကစားသမား ဖြစ်သွားပြီဟု ရော်နယ်ဒိုပြော

မေ ၃၊ ၂၀၁၆
M-Media

ronaldo

– မိမိအား လူတိုင်းက ကြိုက်နှစ်သက်မှုမရှိသည်ကို လက်ခံသော်လည်း မိမိအနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားထဲမှ တစ်ဦးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းသမိုင်းတွင် စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတွင်လည်း ဂိုး ၁၀၀ ပြည့်သည့် ပထမဆုံး ကစာသမားဖြစ်ရန် ၇ ဂိုးသာ လိုတော့သည်။ ရော်နယ်ဒိုကမူ မိမိအား အမြဲတမ်းဝေဖန်သူရှိသည်ဆိုသည်ကို ၀န်ခံခဲ့သော်လည်း မိမိ၏ စွမ်းဆောင်ရည်များက ဘောလုံးလောကတွင် နေရာတစ်ခုကို ရရှိစေခဲ့သည်ဟု ဆိုသည်။

“ဘောလုံးသမိုင်းမှာ ထိပ်ဆုံးကိုရောက်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ လူတွေက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် ကိန်းဂဏန်းတွေက သူတို့ကို စကားပြောပါလိမ့်မယ်။ အရင်က စံချိန်တင်ခဲ့တဲ့သူတွေနဲ့အတူ ကျွန်တော်လည်း ထိပ်ဆုံးမှာရှိမှာပါ။ တစ်ချို့က ကျွန်တော့်ကို ပိုကြိုက်ကြတယ်။ တစ်ချိုက သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ဘောလုံးသမိုင်းမှာ နေရာတစ်နေရာ ရသွားခဲ့ပြီဆိုတာ ကျွန်တော့်အနေနဲ့ သံသယမရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

Ref : Goal

Comments

Leave a Reply