News @ M-Media

၂၀၁၅ ခုနှစ်အတွင် အာရပ်နိုင်ငံ ၉ နိုင်ငံက ခြစားမှု အဆိုးရွားဆုံးဖြစ်ခဲ့

မေ ၅၊ ၂၀၁၆
M-Media

arab

– အီဂျစ်နဲ့ ဂျော်ဒန်အပါအ၀င် အာရဗ် ၉ နိုင်ငံက ပြည်သူတွေဟာ သူတို့အနေနဲ့ အစိုးရရဲ့ အကျင့်ပြခြစားမှုဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း လေ့လာမှုတစ်ရပ်အရ သိရှိရပါတယ်။

ဂျာမနီအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှု အဖွဲ့ (Transparency International) က ဆူဒန်၊ မော်ရိုကို၊ အီဂျစ်၊ ယီမင်၊ လက်ဘနွန်၊ အလ်ဂျီရီးယား၊ တူနီးရှား၊ ဂျော်ဒန်နဲ့ ပါလက်စတိုင်းနိုင်ငံတွေက ပြည်သူတွေကို ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ တစ်ချို့သော ပြည်သူ့ဝန်ဆောင်မှုတွေအတွက် ယင်းနိုင်ငံတွေမှာရှိတဲ့ သုံးပုံတစ်ပုံသော ပြည်သူတွေဟာ လာဘ်ပေးခဲ့ရကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတစ်နိုင်ငံစီက ပြည်သူ ၁၁၀၀ နီးပါးနဲ့ ၁၂၀၀ ခန့်လောက်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု ၆ ခုအနက် အဆုံးရွားဆုံး လာဘ်ပေးလာဘ်ယူမှုနေရာက တရားရုံးတွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

“အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ခြစားမှုဟာ မကြာသေးခင်ကစပြီး ၆၁ ရာခိုင်နှုန်းလောက် တက်လာခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပါလီမန်အမတ်တွေဟာ ခြစားမှုအမြင့်ဆုံးလို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်” လို့ Transparency International ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အကျင့်ပျက်ခြစားနှုန်းမှာ လက်ဘနွန်က ၉၂ ရာခိုင်နှုန်း၊ ယီမင်က ၈၄ ရာခိုင်နှုန်း၊ ဂျော်ဒန်က ၇၅ ရာခိုင်နှုန်းရှိပြီး၊ အီဂျစ်နိုင်ငံက ၂၈ ရာခိုင်နှုန်းရှိကာ အလ်ဂျီးရီးယားက ၂၆ ရာခိုင်နှုန်းနဲ့ အသီးသီးရပ်တည်နေပါတယ်။

Ref: Presstv

Comments

Leave a Reply