မေ ၇၊ ၂၀၁၆
M-Media
– ရာသီပြီးဆုံးကာနီး ယခုအချိန်တွင် မိမိတို့အသင်းအနေဖြင့် နောက်ထပ်ရှုံးပွဲကို လက်ခံ၍မရတော့ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ရာသီတစ်လျှောက်လုံး ရုန်းကန်ခဲ့ရသည့် မန်ယူမှာ လက်ရှိအချိန်တွင် FA ဖလား ဖိုင်နယ်သို့ ရောက်ရှိနေကာ ခရစ္စတယ်ပဲလေ့စ်နှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထို့ပြင် ပရီးမီးယားလိဂ်တွင် စတုတ္ထနေရာမှ မန်စီးတီးနှင့် တစ်ပွဲလျော့ ၄ မှတ်အကွာဖြင့် ပဉ္စမနေရာတွင် ရှိနေသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက် ရှိနေသေးသည်။
ထို့ကြောင့် ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲကို မန်ယူအသင်းအနေဖြင့် အမှားခံ၍ မရဘဲ ဗန်ဂါးကလည်း အရှုံးနှင့်ကြုံတွေ့ပါက ပြန်လည်၍ ကုစားနိုင်မည်မဟုတ်ဟု ဆိုသည်။
“အားကစားမှာ အရှုံး၊ အနိုင်ဆိုတာ ရှိစမြဲပါ။ ဒါက လက်ခံရခက်တဲ့ အမှန်တရားပါပဲ။ လက်ကျန် ပွဲတိုင်းကို ကျွန်တော်တို့ နိုင်ရပါမယ်။ ကျွန်တော်တို့အသင်းက လူတိုင်းမှာရှိနေတဲ့ ဖိအားက ကြီးပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာမကဘဲ FA ဖလားကိုလည်း ကျွန်တော် ရချင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ FA ဖလားဟာ အင်္ဂလန်မှာ အရေးပါတဲ့ ဖလားမို့လို့ပါပဲ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.