မေ ၁၁၊ ၂၀၁၆
M-Media
– ပဲရစ်မှာ နိုဝင်ဘာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး မကြာမီ ဗလီနှစ်လုံးကို ဗုံးခွဲကာ လာရောက်ဝတ်ပြုသူတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးကို ထောင်ဒဏ် တစ်နှစ်နဲ့တစ်ရက် အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန် တရားရေးဌာနက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိတဲ့ မာတင် အလန် ရှင်ဇလာဖြစ်ပြီး လွတ်လပ်စွာဘာသာရေးကျင့်သုံးမှု အခွင့်အရေးကို နှောက်ယှက်မှုစွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရှင်ဇလာအနေနဲ့ ပြည်ထောင်စု တရားရေးကျင့်သုံးမှုအရ ထောင်ဒဏ် နှစ် ၂၀ ထိ ကျခံရနိုင်ပမယ့် အမေရိကန်ခရိုင်တရားရုံး တရားသူကြီး ဂျိမ်းစ် ဒီ ၀ှိုက်တ် မိုးရ်က ၎င်းကို တစ်နှစ်နဲ့ တစ်ရက်အထိသာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
“ဘယ်သူမဆို လူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ် ကိုးကွယ်ပိုင်ခွင့်ကို အနှောင့်အယှက်ပြုပြီး ခြိမ်းခြောက်စော်ကားတဲ့သူတိုင်းကို အခုစီရင်ချက်က ပြတ်ပြတ်သားသား သတိပေးလိုက်တာ ဖြစ်ပါတယ်” လို့ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းခရိုင်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူ အေလီဘန့်တလီ ၃ က တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
ရှင်ဇလာကိုယ်တိုင်ကလည်း ဗလီဝတ်ကျောင်းတော်တွေကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ဒါဟာ လူပေါင်း ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုက လှုံ့ဆော်ပေးလိုက်တာလို့လည်း ဆိုပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.