မေ ၁၁၊ ၂၀၁၆
M-Media
– ၀က်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် မိမိအသင်းခံစစ်၏ တစ်ဦးချင်းစွမ်းရည်များတွင် ပြဿနာရှိနေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် မန်ယူမှာ ၁ ဂိုးအရှုံးမှ ပထမပိုင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သော်လည်း နောက်တန်းမှာ ၀က်စ်ဟမ်း ကွင်းလယ်နှင့် တိုက်စစ်ကစားသမားများ၏ တစ်ဦးချင်းစွမ်းရည်များကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးများပြန်ပေးရကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုအရှုံးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မရေရာတော့ဘဲ မန်စီးတီး၏ ခြေချော်မှုကို စောင့်ကြည့်ရမည်ဖြစ်သည်။
“ပွဲမစခင်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ တစ်ဦးချင်းကစားပုံတွေမှာ မသေသပ်တာကြောင့် သူတို့ ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ ကျွန်တော်တို့မှာ တစ်ဦးချင်းစွမ်းရည်နဲ့ပတ်သက်ပြီး အခက်ခဲရှိပါတယ်။ ဂိုးအရှေ့ မီတာ ၆၀ အကွာအဝေးမှာ ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေ တော်တော်များများ ပေးခဲ့ရပါတယ်။ ဒါဟာ ပြဿနာတစ်ခုပါပဲ။ သူတို့က တစ်ဦးချင်းပိုင်း ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး” ဟု ဗန်ဂါလ်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.