မေ ၁၃၊ ၂၀၁၆
M-Media

– ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုတွေ များပြားလာတဲ့အတွက် ခန့်မှန်းခြေအားဖြင့် နှစ်စဉ် လူခုနှစ်သန်းကျော် သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
“ယေဘူယျအားဖြင့်ပြောရရင် အခြေအနေတွေဟာ ပျက်ယွင်းလာခဲ့ပြီး လေထုညစ်ညမ်းမှုကလည်း ၈ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ ဒါ့ကြောင့် အခြေအနေက ပိုဆိုးသထက်ဆိုးလာပါတယ်” ဟု WHO ရဲ့ လူထုကျန်းမာရေးဆိုင်ရာ အကြီးအကဲ မာရီယာ နီယာရာက ဗုဒ္ဓဟူးနေမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ပြီးတော့ မြို့နေလူထု ၈၀ ရာခိုင်နှုန်းဟာ လေထုညစ်ညမ်းမှု အမြင့်ဆုံးအဆင့်နဲ့ ထိတွေ့နေရပါတယ်။ ဒါတွေကြောင့် ရောဂါတွေလည်း ထူပြောလာပါတယ်။ အဲ့ဒါဟာ ကြောက်စရာကောင်းလှတဲ့ ကိန်းဂဏန်းပါပဲ၊ WHO ရဲ့ခန့်မှန်းချက်အရ နှစ်စဉ်လူခုနှစ်သန်း သေဆုံးလျက်ရှိနေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ပုံမှန်ထက်စောတဲ့ သေဆုံးမှုတွေ နှစ်စဉ်တွေ့ကြုံနေရပါတယ်”
ဒီလိုအခြေအနေမျိုးဟာ တော်တော်လေးအရေးကြီးတဲ့ လူထုကျန်းမာရေးပြဿနာဖြစ်ကြောင်း၊ လူထုအသိပညာပေးလုပ်ငန်းတွေ လုပ်ဖို့လိုကြောင်း နိုင်ငံတွေအနေနဲ့လည်း လေထုအရည်အသွေးကို စောင့်ကြည့်ထိန်းချုပ်တာမျိုးတွေ ပြုလုပ်သင့်ကြောင်း နီယာရာက ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Presstv

Leave a Reply
You must be logged in to post a comment.