မေ ၁၇၊ ၂၀၁၆
M-Media
– လတ်တလော ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီ ပြောင်းရွှေ့အခြေချသူတွေကို ပြန်လှည့်ခိုင်းတာက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြောင်းရွှေ့အခြေချသူ သန်း ၂၀ ရဲ့ ၁ ရာခိုင်နှုန်းအောက်ကို အခြားနိုင်ငံတစ်ခုမှာ ပြန်လည်နေရာချထားပေးနိုင်ခဲ့ပြီး၊ ပဋိပက္ခတွေကြောင့် လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု၊ ဒုက္ခသုက္ခတွေကို ခံစားရမှုဟာ သမိုင်းမှာ အဆိုးရွာဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့လည်း မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။
ဒီဝန်ထုတ်ဝန်ပိုးကို ထမ်းနေရတဲ့ နိုင်ငံအနည်းငယ်ကို ရန်ပုံငွေတွေတိုးပေးတာ၊ ပြန်လည်နေရာချထားမှုတွေ လုပ်ပေးတာမျိုးတွေနဲ့ အခြားနိုင်ငံတွေက ကူညီကြဖို့လည်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
ဂရန်ဒီက ယခုနှစ် ဇန်န၀ါရီမှာ ရာထူးလက်ခံခဲ့တာဖြစ်ပြီး အခုရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ရှည်ကြာပြီး ခက်ခဲတဲ့ ဆွေးနွေးမှု လိုအပ်နေကာ၊ နယ်စပ်တွေပိတ်တာ၊ လူတွေကို ပြန်ပို့တာတွေဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.