News @ M-Media

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လယ်ယာကဏ္ဍတွင် ကူညီပေးရန် အိန္ဒိယကမ်းလှမ်း

မေ ၂၁၊ ၂၀၁၆
M-Media

– မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်သွားရန် အိန္ဒိယနိုင်ငံက ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် India Myanmar Business Conclave အခမ်းအနားတွင် အိန္ဒိယကုန်သွယ်ရေးဝန်ကြီး နီရ်မာလာ ဆီသာရာမန်က ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု နယူးဒေလီရှိ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

“နည်းပညာနဲ့ လယ်ယာစိုက်ပျိုရေးပစ္စည်းတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် လယ်ယာထုတ်ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရွာမှာ အိန္ဒိယက ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ကူညီပေးရန် ဆီသာရာမန်က ကမ်းလှမ်းခဲ့ပြီး အထည်လိပ်လုပ်ငန်း၊ အိုင်တီ၊ ကားထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများတွင်လည်း မိမိတို့နှစ်နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

India Myanmar Business Conclave အခမ်းအနားသို့ မြန်မာနိုင်ငံမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရ၀န်ကြီးများ တက်ရောက်ခဲ့ကြပြီး ဆီသာရာမန်မှာ အခမ်းအနားပြီးနောက် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးဝန်ကြီး၊ စက်မှုဝန်ကြီးတို့တွင် သီးသန့် ဆွေးနွေးခဲ့သည်။

Ref: Firstpost

Comments

Leave a Reply