မေ ၂၃၊ ၂၀၁၆
M-Media
– မြိုတော်ဘဂ္ဂဒတ်အနောက်ပိုင်း ကီလိုမီတာ ၅၀ အကွာတွင်ရှိပြီး IS က ထိန်းချုပ်ထားသော ဖာလူဂျာမြို့ သိမ်းပိုက်ရေးအတွက် ထိုးစစ်ကြီး စတင်ပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ကြေငြာလိုက်သည်။
ထိုကဲ့သို့ ကြေငြာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့တွင်းရှိ ရင်းမြစ်များက ဆိုသည်။
“ဖာလူဂျာမြို့ရဲ့ ကောင်းကင်ယံမှာ အီရတ်အလံ မကြာခင်လွှင့်ထူတော့မယ်လို့ ကျွန်တော်တို့ ကြေငြာလိုက်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ချစ်စရာကောင်းတဲ့ ကျွန်တော်တို့မြို့လေးကို အပိုင်စီးထားတဲ့ စက်ဆုပ်ဖွယ်ကောင်းသူတွေရဲ့ အလံနက်ကို ဆုတ်ဖြဲပစ်မှာပါ။ ဖာလူဂျာလွတ်မြောက်ဖို့ အချိန်ရောက်လာပြီး အောင်မြင်မှုဟာ ကျွန်တော်တို့အတွက် ဖြစ်မှာပါ။ မြို့ကနေ ထွက်သွားဖို့ကလွဲလို့ IS မှာ ပြေးစရာမြေမရှိပါဘူး” ဟု အာဘာဒီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဖာလူဂျာကို IS မှ လွန်ခဲ့သည့် ၂ နှစ်အရင်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်များမှာ ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.