မ ၂၅၊ ၂၀၁၆
M-Media
– လာမည့်လတွင် ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၆၀၀၀၀ ကို ချထားမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားစေရန် တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီက ပြောကြားလိုက်သည်။
ပြည်ထဲရေးဝန်ကြီး၏ အဆိုပါ မှတ်ချက်မှာ ယူရိုအဖွင့်ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲကျင်းပမည့် Stade de France ကွင်းတွင် စနေနေ့က ပီအက်စ်ဂျီနှင့် မာဆေးလ်တို့၏ ပွဲစဉ်၌ မီးခိုးဗုံးများ တွေ့ရှိသောကြောင့် ပရိတ်သတ်များ ၀ရုန်းသုန်းကား ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ကာဇီနျူဗီကမူ ထိုအဖြစ်အပျက်မှာ ယူရို ၂၀၁၆ အတွက် စမ်းသပ်မှုမဟုတ်ဟု ဆိုသည်။
“ယူရိုပွဲဟာ ပရိတ်သတ်မတူပါဘူး။ ကျင်းပတဲ့အဖွဲ့အစည်းလည်း မတူသလို၊ လုံခြုံရေးချထားမှုလည်း တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်သွားတာကိုတော့ အရေးယူရမှာပါ။ ယူရိုဟာ ကြီးမားတဲ့ အခမ်းအနားကြီး ဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့ ရည်ရွယ်ချက်ပါ။ ဒါပေမယ့် ပြင်သစ်ပေါ်မှာ ကျွန်တော်တို့ဟာ အမှန်တရားကို အကြွေးတင်နေပါတယ်။ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိတာဟာ အန္တရာယ် ရာနှုန်းပြည့်ရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ ကြိုတင်ပြင်ဆင်မှု ၁၀၀ ရာခိုင်နှုန်း ရှိတယ်ဆိုပေမယ့်လို့ ဒါဟာ အန္တရာယ် လုံးဝမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး”
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.