News @ M-Media

အမေရိကန်တွင် မွတ်စလင်ညီလာခံကြီးတစ်ခု ပြုလုပ်

မေ ၃၀၊ ၂၀၁၆
M-Media

convention

– အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးရ်မြို့တွင် မြောက်အမေရိက အစ္စလာမ့်အသိုင်းအ၀ိုင်း ICNA နှင့် အမေရိကန်မွတ်စလင်အသင်း MAS တို့ ပူးပေါင်းကာ ၄၁ ကြိမ်မြောက် ညီလာခံကို စနေနေ့က ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ မွတ်စလင် သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါညီလာခံမှာ အမေရိကန်တွင် အကြီးဆုံး မွတ်စလင်ညီလာခံများထဲမှ တစ်ခုဖြစ်ပြီး ၃ ရက်တာ ကြာမြင့်မည်ဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ပညာရှင်များ တက်ရောက်ကာ ကျမ်းတော်မြတ်အား ပိုမိုကောင်းမွန်စွာ နားလည်ရေး ပို့ချမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

အဖွင့်မိန့်ခွန်းတွင် ICNA ဥက္ကဌ နအင်းမ် ဘာအစ်ဂ်က မိမိတို့ ယခုနှစ်တွင် ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ရွေးချယ်ရခြင်းမှာ အမေရိကန်မီဒီယာနယ်ပယ်တွင် အစ္စလာမ်နှင့် မွတ်စလင်တို့နှင့်ပတ်သက်၍ တလွဲပြန်ဆိုမှုများ အချို့သော နိုင်ငံရေးသမားများ၏ လှုံဆော်မှုများကို တိုက်ဖျက်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

MAS ဘုတ်အဖွဲ့ဥက္ကဌ နဒင်းမ် ဆစ်ဒီကီကမူ ကုရ်အာန်ကျမ်းတော်မြတ်မှာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်သည့် ကျမ်းစာအုပ်ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: IINA

Comments

Leave a Reply