မေ ၃၁၊ ၂၀၁၆
M-Media
– မက္ကာဟ်နဲ့ ဂျစ်ဒါမြို့နေရာတစ်ချို့မှာ ရာမ်ဇာန်ဥပုသ်လအတွင်း ထမင်းဟင်းလျာ ၅ သန်းနဲ့ ရေသန့်ဘူးများကို ဝေငှသွားဖို့ စီစဉ်ထားတယ်လို့ မက္ကာမြို့တော်ဝန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာလိုက်ပါတယ်။
မက္ကာဟ်အစိုးရနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ အဲဒီအလှူဒါနမှာ လူငယ်ကျောင်းသား ၂၅၀ နဲ့ ကျောင်းဆရာ ၂၀ တို့က စေတနာ့ဝန်ထမ်း ကူညီသွားကြမှာပါ။ ဝေငှမယ့်နေရာတွေကတော့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ၀န်းကျင်၊ အ၀ိုင်းပတ်လမ်းဆုံတွေ၊ ဂိတ်ပေါက်တွေ၊ ဆေးရုံတွေနဲ့ ဘုရင်အဗ္ဗဒူလ်အဇီးဇ် နိုင်ငံတကာလေဆိပ်၊ ဂျစ်ဒါအစ္စလာမ်မစ်ဆိပ်ကမ်းတို့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လနဲ့ ဟဂ်ျဘုရားဖူးကာလတွေမှာလည်း ထမင်းဟင်းလျာ ၆ သန်းကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လှူဒါန်းခဲ့ပြီး၊ ဘုရားဖူးခရီးစဉ် လာရောက်ကြသူတွေကို ရေသန့်ဘူး ၁၇ သန်းနဲ့ အစ်ဟ်ရမ်ဝတ်ရုံ ၃၀၀၀ ကျော်ကိုလည်း ဝေငှခဲ့ကြပါတယ်။ အဲဒီလိုလှူဒါန်းမှုဟာ ဆော်ဒီနိုင်ငံအတွင်းက ပရဟိတအဖွဲ့အမျိုးမျိုးရဲ့ ထောက်ပံ့မှုနဲ့ ပြုလုပ်တာဖြစ်ပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.