မေ ၃၁၊ ၂၀၁၆
M-Media
– ၂၀၁၄ ခုနှစ်အတွင်း အိုအိုင်စီနိုင်ငံအချင်းချင်း ကုန်သွယ်မှုကဏ္ဍမှာ မိမိတို့နိုင်ငံဟာ ကုန်သွယ်ငွေ ဒေါ်လာ ၁၂၁.၇ ဘီလီယံနဲ့ စုစုပေါင်းကုန်သွယ်မှုရဲ့ ၁၅.၂ ရာခိုင်နှုန်းရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဟူမိုက် ဘင် စလင်းက ပြောကြားလိုက်ပါတယ်။
တူရကီက ကုန်သွယ်ငွေ ၇၇.၈ ဘီလီယံ (စုစုပေါင်း ၉.၇ ရာခိုင်နှုန်း) နဲ့ ဒုတိယရပ်တည်နေပြီး ဆော်ဒီအာရေဗျကတော့ ကုန်သွယ်ငွေ ၇၄.၃ ဘီလီယံ (စုစုပေါင်း ၉.၃ ရာခိုင်နှုန်း) နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
စလင်းက ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ မေလ ၂၂ ကနေ ၂၆ ရက်အထိ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ ကုန်စည်ပြပွဲမှာ နိုင်ငံရဲ့ ပါဝင်ပြသမှုကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ အဆိုပါကုန်စည်ပြပွဲကို အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ ၃၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.