ဇွန် ၂၊ ၂၀၁၆
M-Media
– နှလုံးရောဂါဝေဒနာရှင်များအတွက် ကိုယ်လက်လေ့ကျင့်ခန်းဟာ အသက်ရှင်နိုင်စွမ်း ပိုများစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ အီတလီနိုင်ငံ Exeter ဆေးတက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။
“နှလုံးရောဂါဝေဒနာရှင်တွေကို ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းက အသက်အန္တရာယ်ဖြစ်စေတယ်လို့ မခြောက်လှန့်သင့်ပါဘူး။ နှလုံးရောဂါသည်တွေအတွက် ပေးချင်တဲ့အသိကတော့ ရှင်းပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းက ခင်ဗျားတို့အတွက် ကောင်းတယ်ဆိုတာပါပဲ။ အဲ့ဒါက ရောဂါကို ပိုသက်သာစေပါတဲ့အပြင် အသက်ရှင်နိုင်ဖို့အလားအလာလည်း ပိုများစေပါတယ်” လို့ တက္ကသိုလ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ စူးစမ်းလေ့လာရေးဥက္ကဌ ရော့ဒ်တေလာက ပြောကြားခဲ့ပါတယ်။
အခုတွေ့ရှိချက်ဟာ နှလုံးရောဂါဝေဒနာသည်ပေါင်း ၄၀၀၀ ကျော်ပါဝင်တဲ့ စမ်းသပ်မှု အခု ၂၀ ကို ခွဲခြမ်းစိတ်ဖြာမှုကနေ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့ နှလုံးရောဂါသည်တွေဟာ မလုပ်တဲ့သူတွေထက်စာရင် အခြေအနေအမျိုးမျိုးကနေ သေဆုံးနိုင်ချေ ၁၈ ရာခိုင်နှုန်းလောက် လျော့နည်းစေပြီး ဆေးရုံတက်ရခြင်းမှ ၁၁ ရာခိုင်နှုန်းလောက် လျော့ကျစေနိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုနဲ့ အသက်ရှင်နိုင်စွမ်းကြားထဲက တိုက်ရိုက်ကျိုးကြောင်းဆက်နွယ်မှုကို သက်သေမပြနိုင်သေးပေမယ့် အကျိုးကျေးဇူးတွေကိုတော့ အမျိုးသားနဲ့ အမျိုးသမီးတွေပါ ခံစားနိုင်မှာဖြစ်ပြီး နှလုံးရောဂါပြင်းထန်မှုအဆင့် ဒါမှမဟုတ် အသက်အရွယ်နဲ့ မသက်ဆိုင်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။
Ref : IINA


Leave a Reply
You must be logged in to post a comment.