ဇွန် ၃၊ ၂၀၁၆
M-Media
– ယူရို ၂၀၁၆ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အီတလီအသင်းအား အထင်မသေးရန် ရိုးမားတိုက်စစ်မှူး ဒီရော့စီက သတိပေးလိုက်ပြီး မိမိတို့တွင် ပါရမီရှိသည့်ကစားသမား အများအပြားရှိနေသည်ဟု ပြောကြားလိုက်သည်။
ယခုလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အိမ်ရှင် ပြင်သစ်၊ ကမ္ဘာ့ချန်ပီယံ ဂျာမနီနှင့် ၂ ကြိမ်ဆက်ချန်ပီယံ စပိန်တို့က ရေပန်းစားနေပြီး အီတလီမှာမူ ချန်ပီယံဘွဲ့အား ခြိမ်းခြောက်နိုင်သည့် အသင်းများစာရင်းတွင် မပါဝင်ပေ။
ဒီရော့စီက မိမိတို့အသင်းမှာ အံ့အားသင့်ဖွယ်ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
“ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်းတွေမှာတော့ မပါဝင်ပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာကောင်းတဲ့ ကစားသမားတွေ ကျွန်တော်တို့မှာရှိနေပြီး ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ရိုးမားမှာကစားခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ကျွန်တော် ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ဖူးပါတယ်” ဟု ရော့စီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.