ဇွန် ၁၀၊ ၂၀၁၆
M-Media
– ပါရမီရှိ ကစားသမားကောင်းများ ရှိနေသည့် မိမိတို့ ဘယ်လ်ဂျီယံအသင်းမှာ ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး မိမိတို့အပေါ် ရှိနေသည့် ဖိအားကိုလည်း ကိုင်တွယ်သွားနိုင်မည်ဟု ကွင်းလယ်လူ ဖယ်လိုင်နီက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း ခြေစွမ်းကောင်းများပြသကာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်တွင် နေရာရလာခဲ့သည့် ဘယ်လ်ဂျီယံအသင်းမှာ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ရှုံးထွက်အဆင့်တက်ရောက်ရေး ရုန်းကန်ရဖွယ်ရှိနေသည်။
ဖယ်လိုင်နီကမူ မိမိတို့အသင်းမှာ ဖိအားများကို ရင်ဆိုင်နိုင်မည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဘယ်လ်ဂျီယံအသင်းပါ။ ဖိအားတွေကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတယ်။ ပါရမီရှိသူတွေရှိတယ်။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ထင်ပါတယ်။ ဖိအားတွေကို ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်” ဟု ဖယ်လိုင်နီက ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့မှာ နိုင်ငံကိုယ်စားပြုခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ တတ်နိုင်သမျှအားလုံး ပေးဆပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.