ဇွန် ၁၂၊ ၂၀၁၆
M-Media
– မိမိတို့၏ ဥရောပပြိုင်ဘက်များဖြစ်သော ဂျာမနီနှင့် အီတလီတို့မှာ အောင်မြင်မှုရရှိရန်အတွက် မိမိတို့စပိန်အသင်း၏ ပုံစံကို အတုခိုးထားသည်ဟု စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ယူရို ၂ ကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် စပိန်မှာ ယခုနှစ် ယူရိုတွင်လည်း ဗိုလ်စွဲရန် ရေပန်းစားသည့် အသင်းများစာရင်းတွင် ပါဝင်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ချက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဖာဘရီဂက်စ်ကမူ ဘောလုံးပိုင်ဆိုင်မှုနှင့် အတိုပေးနည်းစနစ်ကို အခြေခံသည့် စပိန်အသင်း၏ နည်းစနစ်ကို ကမ္ဘာ့ချန်ပီယံယံ ဂျာမနီနှင့် အီတလီတို့က အတုခိုးထာသည်ဟု ဆိုသည်။
“(စပိန်အသင်းရဲ့ လွှမ်းမိုးမှုအပေါ်) ကျွန်တော် သံသယမရှိပါဘူး။ ၂၀၀၆-၀၈ လောက်ကတည်းက ကျွန်တော်တို့ဟာ ဒီလို ပုံစံမျိုး စတင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ကစားတဲ့ အဲဒီပုံစံကို အတုခိုးပြီး လိုက်ကစားတဲ့၊ ပြောင်းကစားတဲ့ အသင်းတွေ ဘယ်လောက်များလဲဆိုရင် မှတ်တောင် မမှတ်မိတော့ပါဘူး။ တကယ်တော့ ဒီလို လိုက်တုလည်း အောင်မြင်မှုကိုတော့ ပုံတူကူးချလို့ မရပါဘူး။ တကယ်လို့ တစ်သင်းသင်းက အောင်မြင်လာပြီဆိုရင် လူတွေက အဲဒီအသင်းရဲ့ နည်းစနစ်တွေ ဒါမှမဟုတ် ကစားပုံတွေကို အတုခိုးဖို့ ကြိုးစားတတ်ကြပါတယ်။ ဂျာမနီလည်း ဒီလို ကူးချခဲ့ပြီး ကွန်တီကိုင်တွယ်တဲ့ အီတလီလည်း ဒီလိုပါပဲ” ဟု ဖာဘရီဂတ်စ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.