ဇွန် ၂၀၊ ၂၀၁၆
M-Media
– ရမ်ဇာန်ဥပုသ်လအတွင်းမှာ ဥရောပတစ်ဝှမ်း ဟာလာအစားသောက်တွေနဲ့ အနီးအနားက ဗလီဝတ်ကျောင်းတော်တွေကို ရှာဖွေနိုင်မယ့် ဖုန်းဆော့ဝဲဖ်တစ်ခုကို ဆော်ဒီကျောင်းသားတစ်စုက ဖန်တီးခဲ့တယ်လို့ သိရပါတယ်။
ဆော့ဖ်ဝဲဖန်တီးသူ ကျောင်းသားတွေကတော့ ဒီဆော့ဖ်ဝဲမှာ ဥရောပနိုင်ငံတစ်ဝှမ်း စားသုံးနေကြတဲ့ အသားတွေရဲ့ ရင်းမြစ်တွေ၊ ဘယ်စားသောက်ဆိုင်က ဟာလာအစားအသောက်ကို ၀န်ဆောင်မှုပေးတယ်ဆိုတာ မသိရှိသူတွေအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို ဖော်ပြထားထဲ့ ပြည့်စုံတဲ့ မြေပုံတစ်ခု ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဆော့ဖ်ဝဲကို အသုံးပြုသူတွေအနေနဲ့ ဥရောပတစ်ဝှမ်းက နီးစပ်ရာ ဗလီဝတ်ကျောင်းတော်တွေ၊ ဟာလာဟင်းလျာ ၀န်ဆောင်မှုပေးတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဗြိတိန်က မွတ်စလင်ကျောင်းသားများကလပ်ကလည်း ရမ်ဇာန်ဥပုသ်လအတွင်းမှာ ကျန်းမာစွာ စားသောက်နေထိုင်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးနေပါတယ်။
Ref : IINA


Leave a Reply
You must be logged in to post a comment.