ဇွန် ၂၀၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီး လီမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ၁၂ ရက်ကြာ ခရီးစဉ်ကို ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ခရီးစဉ်မှာ သူမ၏ မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် ကွင်းဆင်းကြည့်ရှုသည့် ခရီးစဉ်းလည်းဖြစ်သည်။
“ဒီမိုကရေစီ အသွင်းကူးပြောင်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ကိစ္စတွေမှာ ရှေ့ဆက်သွားဖို့ အရေးပါတဲ့ အဆင့်တွေကို ဆောင်ရွက်ပြီးပါပြီ။ ဒီကိစ္စတွေကို လက်ခံပေးပြီး လူ့အခွင့်အရေးအခြေနေတွေအတွက် ခြွင်းချက်မရှိဘဲ၊ ဓမ္မဓိဌာန်ကျတဲ့ သုံးသပ်မှုမျိုး ဆောင်ရွက်သွားဖို့ ကျွန်မ ရည်ရွယ်ထားပါတယ်” ဟု လီက မြန်မာနိုင်ငံသို့ လာရောက်မည့် ၎င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်သော ကြေငြာချက်တွင် ပြောကြားခဲ့သည်။
မတ်လက ပြုလုပ်ခဲ့သော လူ့အခွင့်အရေးကောင်စီ၏ ၃၁ ကြိမ်မြောက်အစည်းအဝေးသို့ ပေးပို့သော အစီရင်ခံစာတွင် ယန်ဟီး လီမှာ အစိုးရအသစ်နေဖြင့် ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်ရမည့် အကြံပြုချက်အများအပြားကို ဖော်ပြခဲ့သည်။
အဆိုပါ အကြံပြုချက်များမှ ဦးစားပေးကိစ္စများတွင် လက်ကျန် နိုင်ငံရေးအကျဉ်းသားများအား ချက်ခြင်းလွှတ်ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် စသည့် အခြေခံဝန်ဆောင်မှုများအား ကန့်သတ်ထားမှုကို ဖြေရှင်းကာ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၏ အခြေအနေကို တိုးတက်အောင် ပြုလုပ်ပေးရေးတို့ ပါဝင်သည်။
ထို့ပြင် လူမျိုးရေးတင်းမာမှုများ ထပ်မံမဖြစ်ပွားရေးအတွက် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း ၂ ခု ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပွင့်ပွင်းလင်းလင်း ပြောကြားမှုကြောင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီး လီမှာ အမျိုးသားရေးအဖွဲ့များ၏ ပုဂ္ဂိုရေးအရ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ယခင် ဦးသိန်းစိန်အစိုးရကလည်း ၎င်းအား ခန့်အပ်ထားခြင်းမှာ မြန်မာနိုင်ငံအတွက် မလိုအပ်ဘဲ ထိုရာထူးအား ဖျက်သိမ်းပေးရန်အတွက် ၀ါဒဖြန့်မှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက ယန်ဟီး လီလာရောက်မှုတွင် အစိုးရက ကြားဝင်စွက်ဖက်မှုများရှိပြီး၊ ရခိုင်ပြည်နယ်သို့ သွားရောက်မှုအား ပိတ်ပတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယခုလာရောက်မှုတွင် ရခိုင်ပြည်နယ်သို့ သွာရောက်မည်လားဆိုသည်ကို မသိရှိရသေးပေ။
Ref: mmtimes
Leave a Reply
You must be logged in to post a comment.